တောင်သာသားလေးတစ်ယောက် ကွန်ပျူတာထဲမှာ စာအုပ်တွေ မွှေနှောက်နေရင်း ဆောင်းပါးလေးတစ်ပုဒ်တွေ့လေရဲ့။ ခေါင်းစဉ်လည်း တပ်မထား၊ ဘယ်ဆိုဒ်ကနေ ကူးထားလည်း မသိတော့ မူးရင် ဆိုဒ်ကို ပြန်လည် မညွှန်းနိုင်တာကိုတော့ မူရင်းရေးသူသို့ တောင်ပန်အပ်ပါတယ်။
အေးချမ်းတဲ့မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င် ချိန်ကို သွားကြည့်ကြတယ်။ သူတို့ဟာ မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။
ဒါပေမယ့် တနေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန် ထိခိုက်ဒဏ်ရာရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ယာထဲမှာပဲ ငြိမ်သက်စွာ လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်ကလေးက ကောင်မလေးနားမှာနေပြီး သူ့နာမည်ကို တတွတ်တွတ် ရွက်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး ကောင်မလေးကျန်မာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး ကုန်လွန်သွားခဲ့ပြီး ကောင်ကလေးခများ ငိုရလွန်းလို့ မျက်ရည်တွေတောင် ခမ်းလုနီးနေပြီး။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမယ့် ကောင်လေး လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။
ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့ ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို ကောင်မလေးရဲ့ အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား လို့ မေးတယ်။ ကောင်လေးက တွေဝေမနေဘဲ လဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။
ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့ သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား လို့ ဘုရားသခင်က မေးပြန်တယ်။ ကောင်းလေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။
ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့ သုံးနှစ်အသွင်ပြောင်းရမယ်။
သဘောတူနိုင်လား လို့ ဘုရားသခင်က မေးပြန်တယ်။ ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။
မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။ ပုစဉ်းလေးက ဆေးရုံဖက်ကို အလျင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့ ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။ သူတို့ပြောတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့ ကောင်မလေးက ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမယ့် သူမပျော်ဘူး။ နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်။ လိုက်ရှာတယ်။ ကောင်လေး ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့ ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမယ့် ကောင်မလေးကို သူခေါ်လို့မရဘူး။ ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။
ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။ ဆောင်းလေညှင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်ဖြစ် ကောင်မလေးရဲ့ ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့တောင်ပံနဲ့ ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့ ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ် ထပျံလာခဲတယ်။
မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့ ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမယ့် သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ်တ၀က်တပျက်မှာ အရပ်တန့်ခံလိုက်ရတယ်။
လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊ ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက်ဂရုစိုက်ကြောင်း၊ သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေးဘ၀က အရင်လို ပျော်ရွှင်ချမ်းမြေ့နေပြီးဖြစ်ကြောင်း ပြောသံတွေကို ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမယ့် တခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနာတာကလွဲလို့ သူဘာမှ မတတ်နိုင်ခဲ့ဘူး။
ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင်း ဒီနှစ်နွေဟာ ခါတိုင်းနွေထက် ပိုရှည်လျားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးအနားမှာ ရစ်ဝဲပျံသန်းဖို့လည်း သူ့မှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို အသက်ရှုကျပ်စေတယ်။
သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့ ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယ နမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က သူတို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့ သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို လုံးဝသတိမေ့သွားခဲ့ပြီလေ။
သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထက်လိုက်ကြတယ်။ ဘုရားကျောင်းထဲ သူပျံဝင်လာပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်ရတယ်။ ဆရာဝန်ကောင်လေးက ကောင်မလေးလက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ စီးကျလာခဲ့တယ်။
အသင် နောင်တရပြီလား ဘုရားသခင်က ပုစဉ်းကို မေးတယ်။ နောင်တလုံးဝ မရပါဘူး မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။ မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ ဘုရားသခင်က ပြောတော့ ပုစဉ်းက ခေါင်းခါပြီး ကျွန်တော် ပုစဉ်းအဖြစ်နဲ့ တစ်သက်လုံး နေပါရစေတော့။ တချို့ကံတရားတွေက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တချို့ဖူးစာက ပေါင်းစပ်ဖို့ ကံပါမလာခဲ့ပါဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ မဟုတ်ပါဘူး။ ဒါပေမယ့် လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ ကောင်းကောင်း တန်ဖိုးထားချစ်တတ်ရမယ် လို့ ကြေကွဲစွာပြေားရင်း အဝေးသို့ ပြန်သွားလေရဲ့။
ဆောင်းပါးလေးက တောင်သာသားလေးကို ရည်ညွှန်းပြီးရေးထားလေများလားဟု စိတ်ထဲမှာ ထင်မိနေတာတော့ အမှန်ပါ။ (၃) နှစ်ပုစဉ်းဘ၀မရောက်ပါဘဲ (၃)နှစ်အဝေးမှာ ပညာတော်သင်ဘ၀နဲ့ နေနေရတာပါ။ သို့ပေမယ့်လည်း တောင်သာသားလေးအချစ်နဲ့ ပုစဉ်းလေးရဲ့အချစ်တို့ကတော့ တူမည်ထင်။ (၃)နှစ်ပြည့်လို့ ပြည်တော်သို့ ပြန်ရောက်လာခဲ့ရင် ကောင်မလေးတစ်ယောက် အခုလို ခန့်ညားတဲ့ သူစိမ်းလူရဲ့ရင်ခွင်ထဲမှာ ဆိုရင်တော့ ပုစဉ်းလေးလိုပဲ နေရတော့မှာပေါ။့ အဝေးက သစ်ကိုင်းလေးပေါ်မှာပဲ တိတ်ဆိတ်စွာ၊ လူသူမသိနိုင်တဲ့ ရင်ထဲမှာပဲ ခံစားရတော့မှာပေါ့။ ကောင်မလေး မသိနိုင်တော့တဲ့ သာမန်လူလေးတစ်ယောက်ဘ၀လေး ရောက်ပါစေလို့ပါ ဆုတောင်းနေရတော့မှာပေါ့။




0 comments:
Post a Comment